ကုမ္ပဏီထုတ်ပြန်ချက်များ

MHMarkets သည် ကမ္ဘာတစ်ဝှမ်း နိုင်ငံခြားငွေကြေးအရောင်းအဝယ်နှင့် CFD လုပ်ငန်းတွင် ရှေ့ပြေးဦးဆောင်နေသော ထိပ်တန်းကုမ္ပဏီဖြစ်ပြီး နိုင်ငံခြားငွေကြေးများ၊ အဖိုးတန်တွင်းထွက်သတ္တုများ၊ စွမ်းအင်လောင်စာများ၊ အညွှန်းကိန်းများ၊ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် အခြား CFD များအတွက် ကုန်သွယ်ဝန်ဆောင်မှုများကို အဓိကပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အဆင့်မီနည်းပညာများ၊ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံအပြင် နိုင်ငံတကာရှိ ကုန်သွယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ပြည့်မီစေရန် ဖြည့်ဆည်းပေးပါသည်။

MHMarkets ၏ အရည်အချင်းပြည့်မီသော ဘဏ္ဍာရေးနှင့် စီးပွားရေးရာပညာရှင်များမှ ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သုံးစွဲသူတို့၏ ကုန်သွယ်စီးပွား အကျိုးဖြစ်ထွန်းစေရန်၊ လွယ်ကူချောမွေ့စွာ အရောင်းအဝယ်ပြုလုပ်နိုင်စေရန်၊ တိကျမြန်ဆန်သော သုံးစွဲသူဝန်ဆောင်မှုများအပြင် စျေးကွက်သုံးသပ်ချက်များနှင့် လုပ်ငန်းအကြောင်း လေ့လာနိုင်မည့် သုတရင်းမြစ်များကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ယခင်က ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းတွင် အတွေ့အကြုံမရှိသူများကို ရင်းနှီးကျွမ်းဝင်လာစေပြီး အတွေ့အကြုံရှိသူများအနေဖြင့် အချိန်နှင့်အမျှ ပြောင်းလဲနေသော ကမ္ဘာ့ကုန်သွယ်စျေးကွက်တွင် ပိုမိုကျွမ်းကျင်စွာ ကုန်သွယ်ရောင်းဝယ်လာနိုင်စေရန် ကူညီပေးပါသည်။

ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းတွင် အမှန်စင်စစ် လေ့လာသင်ယူခဲ့သူများ၊ နှစ်ရှည်ကြာလုပ်ကိုင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသည့် MHMarkets သည် အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် လုပ်ငန်းတိုးတက်အောင်မြင်လာပြီး ကမ္ဘာ့နေရာအနှံ့ နိုင်ငံပေါင်း (၃၀) ကျော်ရှိ သုံးစွဲသူများကို ဝန်ဆောင်မှုပေးနေပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံစျေးကွက်ရှိ သုံးစွဲသူများအတွက် ပိုမိုတိကျကောင်းမွန်သော ကုန်သွယ်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းခွဲဖွင့်လှစ်ခဲ့ပါသည်။

Mohicans Markets ကုမ္ပဏီမှ ရရှိခဲ့သော ကုန်သွယ်စျေးကွက်လိုင်စင်များ

Mohicans Markets သည် ဩစတြေးလျနိုင်ငံ လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (ASIC) မှ တရားဝင်လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီဖြစ်ပြီး ငွေကြေးနှင့် ဘဏ္ဍာရေးရာ ကုန်စည်ရင်းမြစ်များအား စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံခန့်ခွဲနိုင်ခွင့်နှင့် လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရရှိထားပါသည်။ ကုမ္ပဏီမှတ်ပုံတင်နံပါတ်မှာ 659247177 ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်နံပါတ်မှာ 001296777 ဖြစ်ပါသည်
Mohicans Markets ဒူဘိုင်းအစိုးရ အသိအမှတ်ပြု အဖိုးတန်ကုန်စည်များ ကုန်သွယ်ရေးစင်တာ (DMCC) မှလည်း တရားဝင်လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ရွှေ၊ စိန်၊ လက်ဖက်ခြောက်၊ ကော်ဖီစေ့၊ Cryptocurrency နှင့် အခြားလူသုံးကုန်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက်နံပါတ် 193473 အရ အရောင်းအဝယ်လုပ်ပိုင်ခွင့်ရှိသည့် ကုမ္ပဏီဖြစ်ပါသည်
Mohicans Markets သည် ငွေလွှဲလုပ်ငန်း၊ ငွေပေးချေမှုလုပ်ငန်း၊ နိုင်ငံခြားငွေရောင်းဝယ်မှု၊ ကုန်စည်၊ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး၊ ငွေကြေးဆိုင်ရာ အကြံပေးခြင်းနှင့် စသည်တို့တွင် ပါ၀င်ရန် Vanuatu Financial Services Commission (VFSC) မှ ခွင့်ပြုချက်နံပါတ်- 40306 ဖြင့် အသိအမှတ်ပြုထားသည်။